Sunday, October 26, 2014
5:48 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး အောက်တိုဘာ ၂၆
မကွေးတိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ယနေ့နံနက် ၉ နာရီကမကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ကြေးပြားများပေါ်တွင် ပဉ္စမအကြိမ်မျက်ပါးရွှေသင်္ကန်းကပ် လှူခြင်းဆောင်ရွက်နေမှုအားတက်ရောက်၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းခြင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ အလှူုရှင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြသလွန်စေတီ မဟာဝိဇယရံသီတန်ဆောင်းမှ ပန်း၊ဆီမီး၊ရေချမ်းကပ်လှူပြီး မျက်ပါးရွှေသင်္ကန်းအရောင်းဌာနတွင် ရွှေသင်္ကန်းကပ်လှူရန် အလှူငွေပေး အပ်၍ မြသလွန်စေတီတော်မြတ်ကြီး၏ သောကြာထောင့်တွင် မျက်ပါးရွှေသင်္ကန်းကို ကပ်လှူခဲ့ပါသည်။ အလားတူတက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ မှ မြသလွန်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား ပါဝင်ကပ်လှူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ မြသလွန်စေတီတော်မြတ်ကြီး၏ ဘက်စုံပြုပြင်ရေး အတွက် လိုက်လံကြည့်ရှု၍ ဆောင်ရွက်ရန်ရှိသောအချက်များအား သြ၀ါဒစရိယဆရာတော်များ၏ သြ၀ါဒ အားခံယူ၍ ဆောင်ရွက်ကြရေး၊ ရွှေသင်္ကန်းကပ်လှူရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် အနီးကပ် စနစ်တကျဆောင်ရွက်ရေး၊ စေတီတော်လုံခြုံရေး စနစ်တကျဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများမှ ကုသိုလ်ပါဝင်ရေးတို့အား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ မျက်ပါးရွှေသင်္ကန်းကပ်လှူခြင်းအား စက်တင်ဘာ ၁၁ရက်နေ့မှ ငြမ်းဆင်ခြင်း၊ ရေသပါယ်ခြင်း၊ သစ္စေးသုတ်ခြင်း၊ ဆောင်ရွက်ပြီးစီး၍ အောက်တိုဘာ ၂၆ရက်နေ့တွင် မျက်ပါးရွှေသင်္ကန်းကပ်လှူခြင်းစတင်ဆောင်ရွက်နိုင်ခဲ့ပြီး (၂x၂)လက်မပတ်လည် ရာပြည့် ရွှေဆိုင်းပေါင်း (၆၂၀၀)ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းအား ရက်ပေါင်း (၁၀၀)ခန့်ဆောင်ရွက်၍ စိန်ဖူးတော်နှသ့် ငှက်မျက်နားတော်ကပ်လှူပူဇော်ခြင်း၊ တင်လှူပူဇော်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၉၈၅သိန်းကျော် ကုန်ကျမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းငွေများအား စနစ်တကျ လက်ခံ၍ ရွှေသင်္ကန်းကပ်လှူပူဇော် သွားမည်ဖြစ်ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment