Monday, October 27, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် အရက်သောက်စားပြီး စကားများရန်ဖြစ်ရာမှ ဓါးနှင့်ထိုး၍ သေဆုံးမှု ၊ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနေ ထွန်းမြင့်စိုး (၃၈) နှစ်သည် အစ်မဖြစ်သူ မစန်း၏ နေအိမ် ခြံဝင်းအတွင်း တစ်ရွာတည်းနေ လုံးချော(ခ) ကျော်မင်းအောင် (၂၃)နှစ်နှင့်အတူ အရက် သေစာသောက် စားပြီး တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ရာ လုံးချော(ခ)ကျော်မင်းအောင်မှ အရိုးအသွား (၁၁)လက်မ ခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုး၍ ထွန်းမြင့်စိုးတွင် ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ (၁)ချက်၊ ၀မ်းဗိုက်ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိကာ နေရာတွင် သေဆုံးသွားခဲ့သည်။

 ပြစ်မှုကျူးလွန်သူ လုံးချော (ခ) ကျော်မင်းအောင်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၆၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video