Monday, October 27, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မိုးကောင်းဘူတာနှင့် အောင်လံဘူတာအကြား ရွှေညောင်ပင်ရွာအနီး ရန်ကုန်-ပခုက္ကူ အမှတ် (၆၁) အဆန်ရထားအား Dump Truck Tipper အမျိုးအစား (၆)ဘီး ယာဉ်မှ မီးရထားလမ်းအား ဖြတ်သန်းမောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပုဂံမီးရထားတပ်ဖွဲ့၊ အမှတ် (၁၈) တပ်ခွဲ၊ တပ်စု (၃) မှ ရဲတပ်သား သက်ပိုင် လုံခြုံရေး လိုက်ပါဆောင်ရွက်လာသည့် ရန်ကုန်-ပခုက္ကူ အမှတ် (၆၁) အဆန် ရထားအား အောင်လံမြို့နယ်၊ မိုးကောင်းဘူတာနှင့် အောင်လံဘူတာအကြား ရွှေညောင်ပင်ရွာအနီး မီးရထားမိုင်တိုင်အမှတ် ၂၀၂/၁၅ နှင့် ၂၀၂/၁၆ ကြားအရောက်တွင် အနောက်မှ အရှေ့သို့ အရုဏ်ဦးဆောက်လုပ်ရေး ကုမ္မဏီမှ ယာဉ်မောင်း အောင်မျိုး (၅၂) နှစ် မောင်းနှင်လာသော ယာဉ်အမှတ်၊ ၇ဆ/xxxxနီညိုရောင် Dump Truck Tipper အမျိုးအစား (၆)ဘီးယာဉ်မှ မီးရထားလမ်းအား ဖြတ်သန်းမောင်းနှင်စဉ် တိုက်မိကာ ရထားရှေ့ခေါင်းယာဘက်ခြမ်း သဲဖောက်ချဖုံး မီးအိမ်ပိန်ချိုင့်ပျက်စီးခဲ့သည့်အပြင် Dump Truck Tipper အမျိုးအစား (၆)ဘီးယာဉ်တွင်လည်း ယာဉ်နောက်ပိုင်း ယာဘက်မီးသီး ပြုတ်ထွက် ပျက်စီးမှုများ အသီးသီးဖြစ်ပွားခဲ့သည်။

မော်တော်ယာဉ်အား ရထားလမ်းပေါ် မဆင်မခြင်ဖြတ်သန်းမောင်းနှင်သူ အောင်မျိုးအား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၃/၂၀၁၄၊ မီးရထားအက်ပုဒ်မ ၁၂၉ အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video