စတုံသစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၈၇) တွင် လောက်တက်၍ အရိုးကျသည့် ဆင်သေတစ်ကောင် ၏ အရိုးစုအား တွေ့ရှိခဲ့ကြောင်း ၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း သတင်းအရ ထပ်မံ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၁၁၀၀ အချိန်တွင် စတုံသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၁၈၈) နှင့် (၁၈၉) အကြားတွင် အမြင့်(၈)ပေ၊ အလျား(၁၁)ပေခန့်၊ အသက်(၁၅)နှစ်ခန့် တောရိုင်း ဆင်သေ(အမ) တစ်ကောင်အား နှာမောင်းအရင်းမှပြတ်ကာ ပုတ်ပွလောက်တက်နေသည်ကို တွေ့ရှိခဲ့ရပြီး မသမာသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိခဲ့ ရသည်။
တောရိုင်းဆင်(၂)ကောင်ကို သတ်ဖြတ်သွားသူများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြို့နယ်သစ်တော ဦးစီးမှူး ဦးချစ်လွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင် နယ်မြေရဲစခန်း(ပ)၃၁/၂၀၁၄၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ၃၇(က) ဖြင့် အမှုရေး ဖွင့်ပြီး အမှုစစ် ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှူးမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment