Monday, October 27, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကျောင်းကုန်းကြီးကျေးရွာ ဈေးအနီးတွင် တရားမ၀င် ဗွီစီဒီခွေများ ရောင်းချနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ကျောင်းကုန်းကြီးကျေးရွာ ဈေးအပြင်ဘက် မကျီးပင်အောက်တွင် ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာရွာနေ တင်မောင်လင်း (၃၀) နှစ်မှ ရောင်းချလျှက်ရှိသော ဆင်ဆာမဲ့ဗွီစီဒီခွေ(၁၃၀) ချပ်၊ ပလပ်စတစ် အပြာရောင်ခြင်း(၂)ခု၊ ငွေစက္ကူရောရာ (၁၉၀၀ိ/-) တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆင်ဆာမဲ့ဗွီစီဒီခွေများ ရောင်းချနေသူ တင်မောင်လင်း (၃၀)နှစ်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၆၉/၂၀၁၄၊ ဗွီဒီယိုအက်ဥပဒေ ပုဒ်မ-၃၂(ခ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video