Monday, October 27, 2014

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား အလိုမတူပဲသွေးဆောင် ဖြားယောင်းခေါ်ဆောင်မှုဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ်၊ စိန်ပန်းပင်အုပ်စု၊ ခြံကန်မြောက်ကျေးရွာနေ မxxxx (၁၃) နှစ်သည် နံနက် ၁၀ နာရီအချိန်ခန့်တွင် တစ်ရွာတည်းနေ ကိုဝင်းရွှေ၏ ယာခင်း၌ ပေါင်းမြက်နှုတ်အငှားလိုက်ပြီး ခေတ္တ နားနေစဉ် ခြံကန်မြောက်ရွာနေ မအိစုခိုင်၏ခင်ပွန်းဖြစ်သူ အထက်မင်းလှမြို့နယ်၊ ထန်းကိုင်း ရွာ နေ အောင်ဟိန်းမင်း (၂၁) နှစ်မှ မxxxxx၏ အစ်ကိုဖြစ်သူမှ မြ၀တီ SETOP BOX ပေးလိုက်၍ စိန်ပန်းပင် ကားဂိတ်သို့ လိုက်ယူရန်ပြောရာ အောင်ဟိန်းမင်းသည် မxxxx၏ အစ်ကိုဖြစ်သူနှင့် ခင်မင်သူ ဖြစ်ပြီး နေအိမ်သို့လည်း အ၀င်အထွက်ရှိ၍ ဆိုင်ကယ်ဖြင့်လိုက်ပါသွားခဲ့သည်။

ကားဂိတ်သို့ရောက်သော်လည်း ဆိုင်ကယ်ရပ်မပေးဘဲ မကွေးမြို့သွား မြို့ရှောင်လမ်း ၄ မိုင် ၄ ဖာလုံခန့် အရောက်တွင် လမ်းအရှေ့ဘက် ချောက်ထဲသို့ဆိုင်ကယ်အားရပ်ကာ မxxxx၏ လက်ကိုဆွဲ၍ ကားမလာသေးကြောင်း အောင်ဟိန်းမင်းမှပြောဆိုစဉ် မxxxxမှ လက်ထဲမှရုန်းထွက်ကာ ကားလမ်း အတိုင်း မြောက်ဘက်သို့ပြေးလာပြီး လမ်းအလုပ်သမား ကျောက်ထုသူများနှင့်တွေ့ရှိ၍ အကျိုးအကြောင်းပြောကာ အကူအညီတောင်းပြီး နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။ သမီးဖြစ်သူအား သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားသူ အောင်ဟိန်းမင်း(၂၁)နှစ်အား မxxxx၏ဖခင်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း(ပ)၅၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video