Monday, October 27, 2014

 
နတ်မောက် အောက်တိုဘာ    ၂၇
          နတ်မောက်မြို့နယ်၊ထုံးပေါက်ချိုင်းကျေးရွာတွင်နေထိုင်သည့်
 မြန်မာနိုင်ငံမှအရပ်အမြင့်ဆုံးလူသား ကိုဝင်းဇော်ဦး အား ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ရက်နေ့နံနက်၁၀နာရီ ခန့်က ထောက်ပံ့ပစ္စည်းများနှင့်အတူ သွားရောက်ကူညီပံ့ပိုးခဲ့ကြကြောင်းသတင်းရရှိသည်။
ကိုဝင်းဇော်ဦးအား ထောက်ပံ့ပေးအပ်ရာတွင် နတ်မောက်မြို့၊စိတ်ဓာတ်ဖြူစင်
 ဂရုဏာရှင်လူမှုကူညီရေး အသင်းကလည်း ပါဝင်ကူညီခဲ့ပြီး မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအ ဖွဲ့၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနနှင့် စေတနာရှင်ပြည်သူအချို့ကလည်း ထည့်ဝင်လှူဒါန်း ကြကြောင်း သိရသည်။       
      ``ကျွန်တော်တို့အဖွဲ့က ငွေသားကတစ်သိန်းနှစ်သောင်းခုနှစ်ထောင်ကျပ်၊ ဆန်တစ်အိတ်နဲ့စားဆီငါးပိဿာ လှူခဲ့ပါတယ်။တတ်နိုင်သလောက်ကြိုးစားပြီး လှူခဲ့တာပါ။ကြားရသလောက်တော့မဆိုးပါဘူး။သူ့ဒေသနဲ့သူအ ထိုက်အလျောက်တော့ နေသာထိုင်သာရှိနေတဲ့ပုံပါပဲ။ သူကလည်းပြောပါတယ်။ ရန်ကုန်ကဒေါက်တာခင်မောင်ဝင်း တို့အဖွဲ့က ဆေးကုပြီးပြန်လာခဲ့စဉ်ကတည်းကနေ အခုအထိ ထောက်ပံ့ပေးနေတာ ငွေကျပ်(၁၇)သိန်းရှိသွားပြီ လို့ဆိုပါတယ်’’ ဟု နတ်မောက်မြို့နယ်၊ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ကရှင်းပြသည်။
       ကိုဝင်းဇော်ဦးကို ရန်ကုန်မြို့မှ အသည်းအထူးကု သမားတော်ကြီးဒေါက်တာခင်မောင်ဝင်း၏ ဦးဆောင်ကူညီ မှုများဖြင့် စင်္ကာပူနိုင်ငံတွင်သွားရောက်ကာ လိုအပ်သောဆေးကုသမှုများကိုခံယူခဲ့ကြောင်း၊ကိုဝင်းဇော်ဦး၏နောင်ရေးကို မျှော်တွေး ကာငွေကြေးထောက်ပံ့မှုများကို အခါအားလျော်စွာပေးခဲ့သည်ဟုလည်း ကိုဝင်းဇော်ဦးကို ကူညီမှု များပေးခဲ့ကြသည့် လူမှုကူညီသူအချို့က ဆိုကြသည်။
      ကိုဝင်းဇော်ဦးအနေဖြင့် သာမာန်လူများထက်ထူးခြားစွာအရပ်မြင့်နေသည့်အတွက် သူ့ကိုတွေ့ဖူးကြသူများအ နေဖြင့် ထိုစဉ်ကလူထူးလူဆန်းတစ်ဦးကဲ့သို့သာကြည့်ရှုနေကြပြီး ထူးဆန်းသောရောဂါတစ်မျိုးဖြစ်နေသည်ကိုအနီး ရှိလူအများက သတိမပြုမိကြကြောင်း၊အရပ်(၇ပေ၁၀လက်မ)ရှိသူကိုဝင်းဇော်ဦးတွင် အက်ခရိုမက်ခလီဟုခေါ်သည့်ခြေဖျားလက်ဖျားကြီး တဲ့လက္ခဏာကိုတွေ့ခဲ့ရကြောင်း၊နားလည်လွယ်အောင်ပြောပြရလျှင်
ဦးနှောက်အောက်နားက ပီကျူထရီဂလင်း ကြီးထွားလာတဲ့အခါ  ခန္ဒာကိုယ်ကိုကြီးထွားလာစေတဲ့ရို့သ်ဟော်မုန်းတွေကိုပုံမှန်ထက်အဆမတန် ထုတ်လွှတ်ပေးနေလို့ ဖြစ်တဲ့ရောဂါမျိုးဖြစ်ကြောင်း ကိုဝင်းဇော်ဦးကိုငွေကုန်ကြေးကျခံကာ ကုသိုလ်ပြုကုသပေးခဲ့သူ ဒေါက်တာခင်မောင်ဝင်း ကရှင်းပြခဲ့သည်။
      ``သူ့အမေကလည်းဆုံးတာမကြာသေးဘူး။သားသမီးလေးယောက်ထဲမှာသူကအကြီးဆုံး လို့ပြောတယ်။ ရွာ တွေမှာ နေတာဆိုတော့ အခက်အခဲအချို့တော့ရှိမှာပေါ့။သူကမှဖုန်းနဲ့၊ဆိုလာမီးနဲ့၊ တီဗီ၊ စီဒီစက်များဖြင့် နေနိုင်သေးတယ်။ ဒါပေယ့် ကူညီကြတာတော့ ကောင်းပါတယ်’’ ဟု လှူဒါန်းရာတွင်လိုက်ပါခဲ့သူ ဋ္ဌာနဆိုင်ရာအရာရှိ တစ်ဦးကပြောကြားခဲ့ပါသည်။
                                    လှဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video