Monday, October 27, 2014

   သရက် အောက်တိုဘာ  ၂၇
    မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ညောင်ရွာငယ်ကျေးရွာ၌ ရွေ့လျားဆေးကုသရေးအဖွဲ့
ဆးကုသမည့် လုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းလုပ်ငန်းကိုယမန်နေ့နံနက်(၁၀)နာရီ
ကကျေးရွာမူလတန်းကျောင်းအတွင်းကျင်းပရာ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
    အဆိုပါအခမ်းအနားတွင် ရှေ့ဦးစွာ သရက်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီတာစိုးက အီဘိုလာ ရောဂါအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပေးခဲ့ပြီး ကျန်းမာရေးမှူး(၁) ဒေါ်ထွေးရီက တီဘီရောဂါဖြစ်ပွါးစေတက်သည့် အကြောင်းအရာများကို ဆွေးနွေးပေးခဲ့သည်။
    ထို့နောက် သရက်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်အေးမြမြကြိုင်က
သက်ငယ်အမျိုးသမီးငယ်များ လူကုန်ကူးမှု့မှ ကာကွယ်နိုင်ရန် အသိပညာပေးဆွေးနွေးပေးခဲ့ ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်  ဒေါ်ယဉ်ယဉ်လှက အဟာရဖွံ့ဖြိုးမှု့(၃)အုပ်စုအကြောင်း အသေးစိတ် ဆွေးနွေးပေးခဲ့သည်။ယင်းနောက် ရွေ့လျားဆေး ကုသရေးအဖွဲ့မှ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီင်္တာစိုးဦးဆောင်သောအဖွဲ့တွင် လက်ထောက်ဆရာဝန်များ၊ သွားဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများကကျေးရွာနေပြည်သူများအား အထွေထွေရောဂါနှင့်သွားဝေဒနာရှင်များအား အခမဲ့ ကုသဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video