Monday, October 27, 2014
  အောင်လံ အောက်တိုဘာ  ၂၇
    မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လ့မြို့နယ် ပိတောက်ကုန်းကျေးရွာ
အုပ်စု ပန်းမတ ကျေးရွာ  ကွင်းအမှတ် ၇၆(က) ၇၇ တွင် တောင်သူ ဦးခိုင်ထွေး
စိုက်ပျိုးထားသော တစ်ဧက လျှင် ပိဿာ(၁၀၀၀) ကျော်ထွက် ရှိမည့် ငွေချည်(၆)
 ချည်မျှင်ရှည်ဝါ ၅့၀၀  ဧက စံပြစိုက်ခင်းတွင် ၀ါစိုက်တောင်သူ (၁၀၀)ဦးခန့်အား
ကွင်းပြပွဲကို ယနေ့ နံနက် (၈)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
    အဆိုပါ ကွင်းပြပွဲတွင် ရှေ့ဦးစွာ မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်မှ သီးနှံ
အထွက်နှုန်း တိုးမြှင့်ရေးအတွက် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရေးနှင့်
သိပ္ဘံ နည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပြီး
မကွေးတိုင်းဒေသကြီး စက်မျု့သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန   တိုင်းဦးစီးမှူး
  ဦးခင်မောင်ထွန်း (ညွှန်ကြားရေးမှူး ) မှ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏
အဓိကရည်မှန်းချက် (၃)ရပ် ၊၀ါသီးနှံ  သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ် (၁၀)ချက်နှင့်
 ပိုးမွှား ကာကွယ်ရေးဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးပေး ပြီး
0 comments:
Post a Comment
Find Us on Facebook
Popular Posts
Video