Monday, October 27, 2014

  အောင်လံ  အောက်တိုဘာ ၂၇
    မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အောင်မြေကုန်းကျေးရွာတွင်
 ကျေးဇူးရှင်ဆရာတော် ဘုရားကြီး ဦးသြဘာသ အထိမ်းအမှတ် စာပေဟောပြောပွဲကို  အောက်တိုဘာ၂၅/၂၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ အောက်တိုဘာ(၂၅)ရက်ည(၇)နာရီတွင် အောင်မြေကုန်းကျေးရွာ မဟာဝိသုတရာမ အောင်မြေကုန်းကျောင်းတိုက်၌  ကျင်းပရာ နေပြည်တော်
 ပျဉ်းမနားမြို့ မဟာဝိသုတရာမ ဈေးကုန်းကျောင်းတိုက် ဦးစန္ဒောဘာသ(တိုက်ကြပ်၊စာချ)  မှ အဖွင့်အမှာစကားပြောကြားပြီး ဆရာမလမင်းအိမ်မှ ကြုံသလိုကျင်နာမှု့ပြုပါ ခေါင်းစဉ်ဖြင့်၎င်း၊ ဆရာချစ်နိုင်(စိတ်ပညာ)မှ ကံကောင်းနည်းလက်ဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊
ဆရာချစ်စံဝင်းမှ အလှအတွက် မှန်ကြည့်သလို ဘ၀အတွက် စာကြည့်ပါ ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောပေးခဲ့ကြသည်။
    ထို့နောက် အောင်မြေကုန်းကျေးရွာ ဆရာတော် ဦးသြဘာသအထိမ်းအမှတ်
ဘ၀အလင်းရောင် စာကြည့်တိုက် ဖွင့်ပွဲကို အောက်တိုဘာ (၂၆)ရက် နံနက်(၈)နာရိတွင်
ကျင်းပရာ ဆရာချစ်စံဝင်းမှ စာကြည့်တိုက် အ ကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က
 ကျေးဇူးတင်စကားပြန်  လည်ပြောကြားပေးခဲ့ပြိး ဘ၀အလင်းရောင် စာကြည့်တိုက်ကို ဆရာချစ်စံဝင်း၊ဆရာချစ်နိုင်(စိတ်ပညာ)၊ကပစ(၁၅)  စက်ရုံမှူး ဦးညီညီလတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ဧည့်သည်တော်များ၊စာကြည့်တိုက် ကော်မတီဝင်များ၊ရပ်မိရပ်ဖများနှင့်အတူ
 စာကြည့်တိုက် အတွင်း လှည့်လည်ကြည့်ရှု့ကြပြီး စာအုပ်များ ဖတ်ရှု့ခဲ့ကြ ကြောင်း
သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video