ဆင်ပေါင်ဝဲ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်က
တိုးချဲ့လူနာဆောင် ပန္နက်တင်ခြင်း အခမ်းအနားကို ပြည်သူ့ဆေးရုံအတွင်း ကျင်းပရာ
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်၊မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နိုင်လင်းဗိုလ် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ ၊ခိုင်ထူးဆောက်လုပ်ရေးကုမ္မဏီ ဒါရိုက်တာ ဦးရဲဝင်းတို့က မင်္ဂလာအချိန် နံနက်(၈)နာရီတွင် ပန္နက်တင်အခမ်းအနား စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုးချဲ့လူနာဆောင် အဆောက်အဦးသည် အလျား(၁၃၄)ပေ၊အနံ(၅၆)ပေ
(RC) နှစ်ထပ်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ်သိန်း(၂၀၀၀)ဖြင့် ခိုင်ထူးဆောက်လုပ်ရေး ကုမ္မဏီက တာဝန် ယူ ဆောင်လုပ်သွားမည်ဟု သိရသည်။
မျိုးမျိုး(ဆင်ပေါင်ဝဲ)
Monday, October 27, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment