မင်းလှ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ကုန်းကြီးကျေးရွာ အုပ်စု ဂျင်ရဲမြောင်ကျေးရွာ တောင်ဘက် (၁)မိုင်ခန့်အကွာရှိ ဦးတင်ရွှေ၏ ယာခင်း အနီး ဦးခင်မောင်သန်းနှင့် ကိုမြင့်သိန်းတို့သည် ရေသွားခပ်ကြရာတွင် တောင်ခြေကမ်းပါးအား ရေတိုက်စားရာ တစ်ခြမ်းပေါ်နေသော ကြေးအိုးကို မြင်တွေ့သဖြင့် တူးဖော်ကြည့်ရာ ကြေးအိုးကြီးအတွင်းရှိ ကြေးအိုးငယ်အတွင်း၌ ဥာဏ်တော် (၁)လက်မ ခန့်ရှိ တင်ပလ္လင်ခွေ ဗုဒ္ဖရုပ်ပွါးတော် တစ်ဆူ အပါ အ၀င် ရှေ့ဟောင်းပစ္စည်း ဟု ယူဆရသည့် ပစ္စည်း အမျိုးပေါင်း(၁၂)မျိုး တွေ့ရှိသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဥိးစီးဌာနရုံးသို့ သွားရောက်အပ်နှံခဲ့ကြောင်း တူးဖော်တွေ့ရှိသူ တစ်ဦးထံက သိရသည်။
အဆိုပါ ရှေ့ဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိသူများက ရွာဟောင်းနေရာလဲမဟုတ်ဘူး ဘုရားစေင်္တီ တည်ခဲ့သည့် နေရာလည်း မဟုတ်ဘူး သင်္ချိုင်းမြေလည်းမဟုတ်ဘူး ရွာထဲက သက်ကြီး ရွယ်အိုတွေ ပြောစကားအရ သိရတယ်ဟု ပြောကြားခဲ့သည်။ အဆိုပါ ပစ္စည်းများမှာ မင်းလှ ရှေ့ဟောင်း သုသေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒေါ်နီနီထွန်းက ရှေ့ဟောင်းပစ္စည်းဟု ပြောလို့မရကြောင်းနှင့် တိုင်းရုံးမှတစ်ဆင့် နေပြည်တော် ယဉ်ကျေးမှု့ ၀န်ကြီးဌာနကို ပို့ပေးပြိး စစ်ဆေးမှာဖြစ်ကြောင်း ရှေ့ဟောင်းပစ္စည်းမှန်ပါက လာရောက် အပ်နှံသူများအား ဆုချီမြင့်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ ၀ါလေး(အထက်မင်းလှ)
Sunday, October 12, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment