Sunday, October 12, 2014

  သရက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြိး သရက်မြို့ အောင်သီရိ ရပ်ကွက် သုခရတနာ ပရဟိတ စာကြည့်တိုက်၌ ကုသိုလ်အဖြစ် ဆေးခန်းကို အောက်တိုဘာလ စတင်ဖွင့်လှစ်ခဲ့ပြီး လုမျိုးမရွေး ဘာသာမရွေး ကုသပေးလျက်ရှိပြီး  အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများကို ကုသပေးလျက်ရှိကြောင်း အခမဲ့ဆေးကုခန်းမှ အကျိုးတော်ဆောင် တစ်ဦးထံက သိရသည်။
အဆိုပါ ဆေးကုခန်းမှ တစ်ပတ်လျှင် စနေနေ့တိုင်း နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးပြီး လူနာ(၅၅)ဦး ဆေးကုသပေးလျက်ရှိရာ ဆေးခန်း ရေရှည် တည်တံ့ရေးအတွက် မြို့ပေါ် ရပ်ကွက်များမှ လစဉ်စေတနာရှင်တစ်ဦး(၁၀၀၀)ကျပ် ကောက်ခံ၍၄င်း၊တစ်ရက်လျင် ဆေးဘိုး စရိတ် (၅၀၀၀၀)ကျပ် အလှူရှင်များ ထံမှ ကောက်ခံ၍၄င်း စေတနာရှင်များမှ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ပေးလျှက်ရှိရာ လှူဒါန်းလိုပါက Ph-09256325350 သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းဖွင့်လှစ်သည့် (၃)နှစ်အတွင်း ဝေဒနာရှင် (၇၉၂၀)ဦးခန့်အား အခမဲ့ကုသဆောင်ရွက်ပေး  နိုင်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့် တိုက်ဖွင့်ပွဲများတွင်လဲ စာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video