ပခုက္ကူ - အောက်တိုဘာ - ၁၂
လျှပ်စစ်စွမ်းအားဖြင့်လောကကို အလှဆင်မည့် ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး အောင်ပွဲ
ကို အောက်တိုဘာ(၁၂)ရက်၊ နံနက်(၈)နာရီတွင် ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စု ၊ လက်ပံချောင်းကျေးရွာ၊ အတုလရတနာ ပြည့်စုံချမ်းသာ ရှစ်မျက်နှာ ဓမ္မာရုံ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာ မီးလင်းရေးအောင်ပွဲ တွင် ကမ္မ-မြစ်ခြေ လျှပ်စစ်အင်ဂျင်နီယာရုံးမှဦးသန်းမြင့်၊ မြစ်ခြေကျေးရွာအခြေစိုက် AMDA အဖွဲ့မှညှိနိုင်းရေးတာဝန်ခံဦးမောင်ပို ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော် နှင့်ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးညွန့် ရွှေ တို့ကကျေးရွာ မီးလင်းရေးဆောင်ရွက်ခဲ့မှုများအားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်လက်ပံချောင်းကျေးရွာပြည်သူလူထုထည့်ဝင်ငွေနှင့် AMDA အဖွဲ့မှကူညီထောက်ပံ့ငွေ
များဖြင့်(၃၁၅) KVA ထရန်စဖော်မာ ကို ၂-၇-၂၀၁၃ရက်နေ့မှစတင်အကောင်အထည်ဖော်ခဲ့ပြီးစီးခဲ့သော
လျှပ်စစ်မီးလင်းရေးအောင်ပွဲအဖြစ်ကမ္မ-မြစ်ခြေလျှပ်စစ်အင်ဂျင်နီယာ ဦးသန်းမြင့် နှင့်ကျေးရွာမီးလင်းရေး
ကော်မတီဥက္ကဌ ဦးမြင့်သိန်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သဖြင့်ကျေးလက်ပြည်သူများဝမ်းမြောက်လျှက်
ရှိနေကြောင်းသတင်းရရှိသည်။ အောင်(မန်းတက္ကသိုလ်)
Sunday, October 12, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment