Sunday, October 12, 2014

ဂန့်ဂေါ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်သည် ပုံတောင်၊ ပုံညာတောင် တောင်တန်းကြီးများနှင့် ချင်း တောင်တန်းကြားတွင်တည်ရှိပြီး တောင်ဖက်အရပ်မှ မြောက်ဖက်အရပ်ဒေသသို့စီးဆင်းသည့် မြစ်သာမြစ်မှာ အလျှားလိုက်ဖြတ်သန်းစီးဆင်းခြင်းနှင့် ချောင်းကြီး၊ ချောင်းငယ်များပေါများကာ မိုးရာသီကာလတွင် အဆိုပါ မြစ်ချောင်းများကို ခက်ခက်ခဲခဲဖြတ်ကျော်သွားလာရသည့် ဒေသဖြစ်သည်။
ဂန့်ဂေါဒေသအတွင်း မြစ်ချောင်းများကိုလွယ်လင့်တကူ ဖြတ်ကျော်သွားလာနိုင်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ဒေသခံများသွားလာရေးအတွက် လိုအပ်လျှက်ရှိသည့် မြစ်သာမြစ်ကူးတံတား ၂ စင်းကို ဆောက်လုပ်သွားမည်ဖြစ်ကာ ချောင်းဖြတ်တံတား ၈ စင်းတို့ကို ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အဆိုပါလုပ်ငန်းများကို ဂန့်ဂေါခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် တံတားဆောက်လုပ်ရေး အထူး အဖွဲ့(၃)တို့က တာဝန်ယူဆောက်လုပ်သွားကြမည်ဖြစ်ပြီး မြစ်သာမြစ်ကူးတံတားကြီးများဆောက်ရန် တင်ဒါပေး ထားပြီးဖြစ်သည်ဟု သိရသည်။
မြစ်သာမြစ်ကူးတံတားကို ပခုက္ကူ- ထီးလင်း- မင်းရွာ- ဂန့်ဂေါကားလမ်း မင်းရွာကျေးရွာအနီးနှင့် ပျား- အောင်မြင်ကျေးရွာများအနီးတို့တွင် ဆောက်လုပ်သွားမည်ဖြစ်ကာ ပြုပြင်ဆောင်ရွက်သွားမည့် တံတား ၈ စင်း မှာ ကျောက်ဆင်ချောင်းတံတား၊ စက်နှီးချောင်းတံတား၊ မဲချောင်းတံတား၊ အိုင်းချစ်တံတား၊ ပေါ်လယ်ချောင်း တံတား၊ တိုချောင်းတံတား၊ ကွမ်းဇဲချောင်းတံတားနှင့် ခေါက်ခူတံတားတို့ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video