ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၀ ရက်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့နယ် တောင်ခင်ရန်းကျေးရွာ အထက်တန်းကျောင်း(ခွဲ) ကျောင်းခန်းမ၌ပြုလုပ်ရာ ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ဦးက ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိဆောင်ရွက်နေသည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အီဘိုလာဗိုင်းရပ်ဆ်ရောဂါကူးစက်ပုံနှင့် အီဘိုလာရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး၊ တစ်နှစ်အောက်ကလေးများ ကြိုတင်ကာကွယ်ဆေးထိုးခြင်းအကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။
အဆိုပါနေ့တွင် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ဦး ဦးဆောင်၍ မြောက်ခင်ရန်း တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာဌေးကျော်၊ ဟံသာဝတီ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာခိုင်ဇော်ဝင်းတို့နှင့် သူနာပြု ၂ ဦး၊ ဆေးဝါးကျွမ်းကျင် ၁ ဦးတို့အဖွဲ့သည် တောင်ခင် ရန်းကျေးရွာနေပြည်သူ ၂၄၄ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်၍ ဆေးဝါးများကုသပေးခဲ့ ကြရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်နှင့်အဖွဲ့က သွားရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
“ တောင်ခင်ရန်းကျေးရွာမှာ အဖြစ်အများဆုံးရောဂါက သွေးတိုးရောဂါဖြစ်လို့ ကျန်းမာရေးဟောပြော ပွဲမှာ သွေးတိုးရောဂါအကြောင်းလဲ ထည့်ဟောလိုက်တယ် “ ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ဦး က ပြောသည်။
ကျော်သန်းဆွေ (ဂန့်ဂေါ)

0 comments:
Post a Comment