Monday, October 13, 2014
1:00 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကြီးမှူးပြီး အပြည်ပြည်ဆိုင်ရာသဘောဝဘေးလျော့ပါး ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာ စကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူ ဦးရဲမင်းသန့် မှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးအတွက် ပေးပို့ သော သ၀ဏ်လွှာအားဖတ်ကြားပါသည်။
ယင်းနောက် တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် မကွေးပညာရေးကောလိပ် မှ ကျောင်းသား/သူများက သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးခင်းကျင်းပြသထားသော နံရံကပ် ပိုစတာ၊ စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment