၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန် နတ်မောက်-ပျော်ဘွယ်ကားလမ်း မိုင်တိုင်အမှတ် ၄၂/၇ နှင့် ၄၃ အကြား ၀ံအူကျေးရွာလမ်းခွဲအနီးတွင် နတ်မောက်မြို့နယ် နေ ဦးသိန်းမြင့် (၄၅) နှစ် မောင်းနှင်ပြီး နောက်မှ မအေးဆွေ လိုက်ပါလာသည့် ၃၀/ယ xxxxx နယူးဆန်ဘို (၁၂၅) အနက်ရောင်ဆိုင်ကယ်သည် ဆီပြတ်၍ လမ်းညာဘက် ကပ်ပြီးတွန်းလာစဉ် နတ်မောက်မြို့နယ်နေ ကျော်စိုး(၃၈)နှစ် မောင်းနှင်ပြီး ဦးဝိုင်း လိုက်ပါ လာသည့် ၄၁/ယ xxxx လပ်ကီးဂဲလ် (၁၂၅) အနက်ရောင်ဆိုင်ကယ်မှ နောက်မှဝင်တိုက်ခဲ့သည့်အတွက် ဦးသိန်းမြင့်၏ ၀ဲ ခြေ ကျင်းဝတ်အထက် အရိုးကျိုး၊ ၀ဲဘက်နားနှင့် ပါးစပ်မှ သွေးထွက်ဒဏ်ရာ၊ အပေါ် နှုတ်ခမ်းဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ)၊ ကျော်စိုးနှင့် ဦးဝိုင်းတို့တွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများအား ရဲဆေးစာဖြင့် နတ်မောက်ဆေးရုံသို့ ပို့အပ်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်စိုး (၃၈) နှစ်အား နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေရဲစခန်း ယာဉ် (ပ) ၁၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ဦးသိန်းမြင့်မှာ ၂၁၄၅ အချိန် သေဆုံးသွားသည့်အတွက် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ မှ ၃၀၄ - က /၃၃၇သို့ ပြောင်းလဲစစ်ဆေးအရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
Wednesday, October 15, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment