၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန် ချောင်းနက်-နေပြည်တော်ကားလမ်း မိုင်တိုင်အမှတ် ၆၄/၆ နှင့် ၇ အကြားရှိ ဒေါ်ဌေးရီ (၄၀) နှစ်၊ တာင်တွင်းကြီးမြို့နယ်နေသူ၏ ၃ ပင်၊ ၁၀ပေ ပတ်လည် မြေစိုက်၊ သက်ကယ်မိုး/ထရံကာဈေးဆိုင် ကွမ်းယာခုံပေါ်တွင် တင်ထားသည့် ဂတ်စ်မီးခြစ်မှာ ပေါက်ကွဲပြီး ဆိုင်တစ်ခုလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မီးလောင်ရာနေရာသို့ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဆတ်သွားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ စုပေါင်း၍ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ၁၇၀၇ အချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ခန့်မှန်းတန်ဘိုး ၁၀၀၀၀ိ/- ခန့် မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ဌေးရီ (၄၀) နှစ်အား ဆတ်သွားနယ်မြေရဲစခန်း (ပ) ၁၂၇/၂၀၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
Wednesday, October 15, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment