၁၄.၁၀.၂၀၁၄ ရက်နေ့ ၁၃၄၀ အချိန်ခန့်တွင် ကန်တိုက်နယ်ဆေးရုံသို့ မော်တော်ယာဉ်တိမ်းမှောက်၍ လူနာ များ ရောက်ရှိနေကြောင်းသတင်းအရ ကန်နယ်မြေရဲစခန်းမှ ရဲဆေးစာနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကလေးမြို့နေ ယာဉ်မောင်း အောင်ဇာမင်း (၂၂) နှစ်မောင်းနှင်သည့် ၈ဌ/xxxx
၂လုံးထိုး အစိမ်းရောင် ထော်လာဂျီယာဉ် သည် ခရီးသည် (၃၀) ဦးအား တင်ဆောင်၍ ကျောက်ဂူတောရဘုန်းကြီးကျောင်းသို့ ဆွမ်းလောင်းသွားရာမှ အပြန် ရေရှင်မရွာတောင်ဘက်ကားလမ်းနှင့် မီးရထားလမ်းကူးနေရာတွင် အရှိန်မထိန်းနိုင်ဘဲ စတီယာတိုင် ခေါက်၍ ယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါခရီးသည်များအနက် ကျား (၆) ဦး၊ မ (၁၇) ဦး၊ ပေါင်း (၂၃) ဦး (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။
ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အောင်ဇာမင်း (၂၂) နှစ်အား ကန်နယ်မြေရဲစခန်း ယာဉ် (ပ) ၁၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Wednesday, October 15, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment