မကွေး အောက်တိုဘာ ၁၄
(၂၁)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့ ည၇း၀၀ အချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် (၂၁)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီနာယက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပါသည်။
ဆက်လက်၍ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပါသည်။
ယင်းနောက် (၂၁)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲတွင် ဆုရရှိသူများမှ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။









0 comments:
Post a Comment