မိုက်ကရိုဆော့ဖ် ကုမ္ပဏီက ကွန်ပျူတာဆော့ဖ်ဝဲသစ် Window 10 ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ထိုဆော့ဖ်ဝဲကို ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းတွေမှာ အသုံး ပြုနိုင်မှာဖြစ်ပြီး နောက်ဆုံး Window8 မှ Window 10 သို့ ခုန်တက်သွားသည်။ Window8 တွင် မပါတော့သည့် Start Menu ကို Window 10 တွင် ပြန်လည်မိတ်ဆက်ထားသည်။ ယခု ဆော့ဖ် ဝဲမိတ်ဆက်ပွဲကို ဆန်ဖရန်ဆစ်စကို တွင် ပြုလုပ်ခဲ့သည်။
မိုက်ကရိုဆော့ဖ်အနေဖြင့် အကောင်းဆုံးနှင့် ခေတ်အမီဆုံး နောက်ဆုံးပေါ်နည်းပညာသုံး ထုတ်ကုန်များကို ကမ္ဘာတစ်လွှား ကုမ္ပဏီ ဝန်ထမ်းများ၏ ဖန်တီးမှုဖြင့် ဆက်လက်ထုတ်လုပ်သွားမည် ဖြစ် ကြောင်း မိုက်ကရိုဆော့ဖ်မှ ဒေးဗစ် ဂျွန်ဆင်က ပြောကြားခဲ့သည်။ Window 10 အနေဖြင့် လေးလက်မမှ ၈ဝ လက်မအတွင်း ဖန်သားပြင်များပေါ်တွင် အလုပ်လုပ် နိုင်ကြောင်း သိရသည်။ လက်ရှိ ကမ္ဘာ တစ်လွှား ပီစီဈေးကွက်တွင် Window 8, 8.1 တို့က ၁၃.၄ ရာ ခိုင်နှုန်း နေရာယူထားသည်။ Window 7 က ၅၁.၂ ရာခိုင်နှုန်း၊ Window XP က ၂၃.၉ ရာခိုင်နှုန်း နေရာယူထားသည်။
နေသူရိန် (မန်း)
source>>http://www.zaygwet.com/international.php?id=1819
Tuesday, October 14, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment