ကျောက်ထု အောက်တိုဘာ ၁၁
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့ဦး သာသနာ့ရက္ခိတကျောင်းတိုက်တွင် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်ညများ၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကိုကျင်းပ၍ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်တို့ ပူဇော်ဆက်ကပ် ကြလျှက် အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းများပါထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အဆိုပါပွဲတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မီးပုံးပျံလွှတ်တင်ခြင်းအပြင် မီးကမ်း၊ ပန်းကမ်းခြင်းတို့ဖြင့် ပူဇော်ကြကာ ဆရာတော်သံဃာတော်များထံမှ သီလခံယူဆောက်တည်ကြပြီး တရားတော်များ နာယူ၍ ရေစက် သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
Saturday, October 11, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment