သံဃဒါနဆွမ်းဆန်စိမ်းလောင်လှူပွဲနှင့်သက်ကြီးဘိုး/ဘွားပူဇော်ပွဲကျင်းပ
ပခုက္ကူ - အောက်တိုဘာ - ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ပန်းတိုင်းခြုံကျေးရွာ၊ မဟာဆုတောင်းပြည့်ကျောင်း၊ ကျေးရွာ အုပ်စုသံဃနာယကဥက္ကဌ၊ဆရာတော်ဦးကုဏ္ဍလ နှင့်ဥတ္တရာရာမကျောင်းဆရာတော်ဦးသုန္ဒရ တို့၏သြ၀ါဒ ကိုခံယူကာကျေးရွာသူ/ကျေးရွာသားများ စုပေါင်းလျှက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် အာစရိယ ပူဇော်ပွဲ ၊အသက်(၇၅)နှစ်နှင့်အထက်အဘိုးအဘွားများအားပူဇော်ကန်တော့ခြင်း တို့ကို
အောက်တိုဘာ(၈)ရက် နေ့တွင်ပန်းတိုင်းခြုံကျေးရွာ ၊ ရွာလယ် ဗုဒ္ဓေါဝါဒသဒ္ဓမ္မပါလဓမ္မာရုံ တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆွမ်းဆန်စိမ်းလောင်လှူခြင်းကိုပင့်သံဃာတော်(၁၆)ပါးတို့အားနံနက်(၆)နာရီအချိန်တွင်ရွာလယ်ဓမ္မာရုံ၌
ကျေးရွာသူ/ကျေးရွာသားများက လောင်းလှူပူဇော်ကြပြီး၊ ကျေးရွာနာယက ဆရာတော်နှစ်ပါး၏ ဆုံးမသြ၀ါဒခံယူကာလှူဘွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ကြကာ ၊ကျေးရွာအတွင်းမှအသက်(၇၅)နှစ်နှင့် အထက်အဘိုး/အဘွား(၁၀၀)ဦးတို့အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်၍ကန်တော့ကြပြီး ဆရာတော် ဦးကုဏ္ဍလထံမှငါးပါးသီလခံယူကာရေစက်ချတရားနာယူ သာဓုခေါ်ဆိုခဲ့ကြသဖြင့် ယခုလိုဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ အာစရိယ ပူဇော်ခြင်း၊ သက်ကြီးအဘိုးအဘွားကန်တော့ခြင်းများကို အကျိုးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးလျှက်ရှိရာ လှူဒါန်းလိုပါကဖုံးအမှတ်(၀၉/၂၃၀၂၄၀၄)(၀၉/၄၀၁၆၂၆၃၆၈) (၀၉/၄၀၁၆၂၆၃၇၁)(၀၉၄၀၁၆၂၆၃၉၃) ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသတင်းရရှိသည်။
အောင်(မန်းတက္ကသိုလ်)
Saturday, October 11, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment