Monday, October 13, 2014

ပခုက္ကူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်၊မြို့စိုးကျေးရွာအုပ်စု၊လက်ပံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သဒ္ဓမ္မဌိတိကာရီဗိမ္မာန်တော်တွင် ကိုယ်ထူကိုယ်ထလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး (ကမ္မ-မြစ်ခြေ) တာဝန်ခံဦးသန်းမြင့် ၊ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌဦးမြင့်သိန်း ၊ လက်ပံချောင်းကျေးရွာဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးသန်းရွှေ၊မြို့စိုးကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ကျော် နှင့် မြစ်ခြေ (AMDA)စီမံကိန်းညှိနှိုင်းရေးမှူး ဥိးမောင်ပို တို့မှ ၀မ်းမြောက်ကြည်နူးစကားများ အသီးသီးပြောကြားခဲ့ပြီး လက်ပံချောင်းကျေးရွာအ၀င်လမ်းမတွင် တပ်ဆင်ထားသောထရန်စဖော်မာနေရာတွင် တာဝန်ရှိသူများမှ  လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါ ကျေးရွာကိုယ်ထူကိုယ်ထလျှပ်စစ်မီးလင်းရေးအတွက် ကျေးရွာမှမတည်ငွေ(၆၇၉) သိန်း ၊မြစ်ခြေ(AMDA)မှ ပံ့ပိုးငွေ(၇၉)သိန်း စုစုပေါင်း(၇၅၈)သိန်းဖြင့် ၂၀၁၃ခုနှစ်ဇူလိုင်လ၂ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကာလတန်ဖိုး(၇၅)သိန်းတန်ဖိုးရှိ KVA 315 ထရန်စဖော်မာတစ်လုံး တပ်ဆင်၍ ကျေးလက်ဒေသနေပြည်သူများလျှပ်စစ်မီးသုံးစွဲခွင့် ရရှိလျှက်ရှိကြောင်း သိရသည်။
  ဇေယျတု(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video