Monday, October 13, 2014

ထီးလင်း အောက်တိုဘာ ၁၃
ဂန့်ဂေါခရိုင် ဘောလုံးအသင်းနှင့် ထီးလင်းမြို့နယ် ဘောလုံးအသင်းတို့ အောက်တိုဘာ ၆ ရက်က ထီးလင်းမြို့ အားကစားကွင်း၌ ချစ်ကြည်ရေးဘောလုံးကစားကြရာ ပထမပွဲတွင် ဂန့်ဂေါခရိုင်အသင်းက တစ်ဂိုး သွင်းယူပြီး ဒုတိယပွဲတွင် ထီးလင်းမြို့နယ်အသင်းးက ချေပဂိုးသွင်းနိုင်သဖြင့် တစ်ဂိုး တစ်ဂိုးဖြင့် သရေပွဲဖြစ် သွားသည်။
အဆိုပါဘောလုံးပွဲသို့ ထီးလင်းမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးတင်လတ်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးကြ၍ ဘောလုံးအသင်းနှစ်သင်းအား ဂုဏ်ပြုဆုများချီးမြှင့် ကြောင်း သိရသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video