Monday, October 13, 2014

ဂန့်ဂေါ အောက်တိုဘာ ၁၃
ဂန့်ဂေါမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်း၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတို့နှင့် စာသင်ကျောင်းများပြုပြင်ဆောက်လုပ်ခြင်း၊ လူနေအိမ် များဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ထားရှိသည်။
အဆိုပါလုပ်ငန်းများအနက် ကျောရွာစိမ့်စမ်းရေသွယ်လုပ်ငန်း၊ စကားကျေးရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း၊ ရွှေမြစ်သာရွာ သောက်ရေတွင်း၊ စမ်းမြို့ရွာ သောက်သုံးရေတွင်းတို့နှင့်  ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ် သည့် ကျောရွာစာသင်ကျောင်း၊ နှမ်းခါးရွာစာသင်ကျောင်း၊ ကန်ရွာစာသင်ကျောင်း၊ မြောက်ခင်ရန်းရွာစာသင် ကျောင်းများ စံမမီနှင့် မီးလောင်သွားသည့် ပြစ်မကျေးရွာတွင် လူနေအိမ် ၃၀ လုံးအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူနေအိမ်များဆောက်လုပ်ပေးထားရာ ပျက်စီးမှုရှိမရှိတို့ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦး၊ မြိ့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးသောင်းမြို့တို့သည် အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video