အောင်လံ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှအထွေထွေ ရောဂါဒေနာရှင် ၂၄၃ဦးအား အခမဲ့ဆေးဝါးကုသခြင်းလုပ်ငန်းများကို အောင်လံမြို့နယ်၊မိုးကောင်းကျေးရွာ အလက(ခွဲ) ၌ ယမန်နေ့နံနက်(၈)နာရီအချိန် မှ ညနေ(၅)နာရီအချိန်ထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး နှင့် တာဝန်ရှိကျန်မာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းစဉ်၌ အောင်လံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်လွင် နှင့် ဦးခင်ဆွေတို့မှ လိုက်ပါဆောင်ရွက်ခဲ့ပြီး အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ပြည်လမ်းနေ စေတနာအလှူရှင် ဦးကံထွန်း( UKT ) မိသားစုမှ လိုအပ်သည့် ဆေးဝါးဒါနများ လှူဒါန်းပေးအပ်ခဲ့သည်။
အောင်လံမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကိုကိုလေး၊ လက်ထောက်ဆရာဝန် ဒေါက်တာမိုးဟိန်ထွန်း နှင့် ကျန်းမာရေးဝန်ထမ်း(၁၂)ဦးတို့သည် မိုးကောင်း၊ ရွာပြင်း၊ ရွှေသူဌေး၊ မောက်တင်၊ သီဝ၊ တလုတ်ချောင်း၊ စခန်းကြီး၊ ကြို့ပင်၊ ကြက်ရုံးကြီး၊ ကြက်ရုံးလေး ကျေးရွာ(၁၀)တို့မှ အထွေထွေရောဂါဝေဒနာရှင် ၂၄၃ဦးအားအခမဲ့ဆေးကုသပေးကာ လိုအပ်သည့်ဆေးဝါးများလှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။ ဇေယျတု(မကွေး)
Monday, October 13, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment