မကွေးတိုင်းဒေသကြီး သရက်မြို့နယ် မဒင်းကျေးရွာ၌ ဆောက်လျှက် စာကြည့်တိုက် အဆောက်အဦး အမြန် ပြီးစီး ဆောင်ရွက်နိုင်ရေး အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ /ရပ်မိရပ်ဖများ နှင့် တွေ့ဆုံဆွေးနွေးခြင်း ကို ယမန်နေ့ မွန်းတိ (၁၂)နာရီက ကျေးရွာ ဘုန်းတော်ကြီး အတွင်း ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံခြင်းအခမ်းအနားတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကျေးရွာ စာကြည့်တိုက် ဆောက်လုပ်မှု့ အခြေအနေနှင့် စာကြည့်တိုက် အမြန် ပြိးစီး ဆောင်ရွက်နိုင်ရေးအတွက် ပစ္စည်းစုဆောင်းထားမှု့နှင့် ငွေကြေးများ စုဆောင်းထားရှိမှု့ အခြေအနေတို့အား တင်ပြဆွေးနွေးရာ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဥိးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးဝင်းက မိမိတို့ ဌာန အနေဖြင့် စာအုပ်စာ စောင်များနှင့် လိုအပ်သည်များများကို အတက်နိုင်ဆုံး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအပြီးတွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ၀န်ထမ်းများက နေ့လည်(၁)နာရီမှ ညနေ(၄)နာရီအထိ နယ်လှည့် စာကြည့်တိုက်အဖြစ် ခင်းကျင်း ပြသဆောင်ရွက်ရာ ကျေးရွာနေ ပြည်သူများက စိတ်ဝင်တစား လာရောက် ဖတ်ရှု့ခဲ့ကြောင်း သိရသည်။
ဇော်ထက် (သရက်)

0 comments:
Post a Comment