မြိုင်မြို့နယ်၊ တလင်းယာကျေးရွာနေ ဒေါ်စန်းနွဲ့ (၄၇) နှစ်သည် နံပါတ်မပါ ကန်ဘို ၁၁၀ အစိမ်းရောင် ဆိုင်ကယ်ဖြင့် မြိုင်မြို့မှတလင်းယာကျေးရွာသို့အပြန် ဆိုင်ကယ်အားအရှိန်ပြင်းစွာမောင်းနှင်သဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ဒေါ်စန်းနွဲ့တွင် ၀ဲမျက်ခုံး ပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းပွန်းပဲ့၊ ယာ လက်ဖျံပွန်းပဲ့ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မြိုင်ဆေးရုံသို့ ရဲဆေးစာ ဖြင့်ပို့အပ်ဆေးကုသခဲ့ပြီး မြိုင် ဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန်စီစဉ်ဆောင်ရွက်စဉ် ရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သည်။
ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ ဒေါ်စန်းနွဲ့အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment