ဂန့်ဂေါ အောက်တိုဘာ ၂၅
ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ အခြေခံပညာအထက်တန်းကျောင်း၏ (၁၅) ကြိမ်မြောက် မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၄ ရက်နံနက်က အနောက်ဂန့်ဂေါ မုံလယ်တောရ ဓမ္မရိပ်သာ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ရှေးဦးစွာ နမောတဿ ဘုရားရှိခိုးဖြင့် အခမ်းအနားကိုဖွင့်လှစ်၍ ဇာဟောတောင် ကျောင်းဆရာတော် ဘဒ္ဒ န္တ အမရိ န္ဒ ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက ကထိန်လျှာသင်္ကန်းကိုလည်းကောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တို့က သံဃာတော် ၅၈ ပါးတို့အား လှူဖွယ်ဝတ္ထုများကိုလည်း ကောင်း ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သတင်းရရှိသည်။
Monday, October 27, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment