ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မင်းဘူးမြို့နယ်၊ လက်ပံတပင်ကျေးရွာနေ ခိုင်ဇော်လင်း (၁၅)နှစ်သည် လက်ပံတပင်သင်္ချိုင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ လက်ချောင်းများအတွင်းသို့ကုတ်၊ လက်သည်းခွံ များညိုမဲကာ ဓါတ်လိုက်သည့်လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ စုံစမ်းမေးမြန်းရာ သေဆုံး သူ၏ အဒေါ်ဖြစ်သူ မချို၏ပြောပြချက်အရ ခိုင်ဇော်လင်းသည် ဧရာဝတီမြစ်ရေကျရာမှ ပေါ်ထွန်း နေသော သဲသောင်ပြင်ရှိ ရေအိုင်စပ်၌ငါးဖမ်းရာတွင် အသုံးပြုသည့် ဘတ္ထရီရှော့တိုက်ပစ္စည်းများ နှင့်အတူ ဦးခေါင်းမှာရေအိုင်စပ်ပေါ်တင်၊ ခြေထောက်မှာ ရေစပ်အနက်(၆)လက်မခန့်၊ (အလျှား၄၀ x အနံ ၅၀) ကိုက်ရှိ ရေအိုင်ထဲတွင်ရှိနေကြောင်း ပြောပြသိရှိရသည်။
ခိုင်ဇော်လင်း (၁၅)နှစ် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment