Friday, October 10, 2014

        မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များကို တိုင်းဒေသကြီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီနှင့် ပူးပေါင်း၍ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ စတင်၍ ဒီဇင်ဘာလထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပညာပေးအစီအစဉ်တွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပညာပေး DVD များ ဖြန့်ဝေခြင်းနှင့် ပညာပေးပြပွဲအား ဈေးပွဲတော်၊ ဖျော်ဖြေပွဲများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
        ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင်တစ်ဦး၏ ပြောပြချက်အရ ယနေ့ကာလတွင် ယာဉ်များ များပြားလာပြီး လမ်းအသုံးပြုရာတွင် စည်းကမ်းများ မလိုက်နာခြင်း၊ ကျွမ်းကျင်မှုမရှိဘဲ ယာဉ်ကို အသုံးပြုခြင်း၊ ကိုယ်ချင်းစာစိတ်မရှိခြင်း၊ ဦးစားပေးယဉ်ကြောမသိဘဲ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ ယာဉ်/လမ်း စည်းကမ်းဆိုင်ရာ သိနားလည်မှု မရှိခြင်း၊ သိနားလည်အောင်လည်း မလုပ်ကြခြင်း၊ အချို့ မီဒီယာများကလည်း စည်းကမ်းလိုက်နာဖို့ ပြည်သူကို အသိပေးတာမျိုးမလုပ်ဘဲ တာဝန်ရှိသူများက စည်းကမ်းတင်းကြပ်ခြင်းကိုပင် အပြစ်ပြောနေခြင်းများသည် လမ်းအသုံးပြုသူ ပြည်သူများ၏ အသက်အန္တရာယ်ကို တားဆီးရာမရောက်ဘဲ ဖြစ်နေကြောင်း၊ ထို့ကြောင့် ပြည်သူကို ယာဉ်/လမ်း စည်းကမ်းဆိုင်ရာ အသိပညာပေးမှုတွေ များများလုပ်ပေးပြီး အခြားတစ်ဖက်ကလည်း စည်းကမ်းလိုက်နာဖို့ အရေးယူဆောင်ရွက်ခြင်းတွေ လုပ်ပေးဖို့ လိုအပ်တာကြောင့် ယခုကဲ့သို့ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ စီစဉ်ရတာဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video