ပွင့်ဖြူ အောက်တိုဘာ ၂ ရက်
မင်းဘူးခရိုင် ၊ပွင့်ဖြူမြို့နယ်အတွင်းရှိ သမ၀ါယမအသင်းများ၏ အခြေခံခိုင်မာ ရေး၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံပြည်သူများ၏ လုပ်ငန်းများ ပိုမိုထိရောက်ပံ့ပိုးနိုင်ရေးအတွက် တရုတ်ချေးငွေဒေါ်လာ သန်း(၃၀၀)အားမြို့နယ်အတွင်းရှိသမ၀ါယမအသင်းအဖွဲ့များ အား ချေးပေးနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၂၄ရက်နံနက် ၁၀နာရီတွင် သမ၀ါယမဦးစီးဌာန၊မြို့နယ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေက ဌာန၏ဆောင် ရွက်နေသော လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းနှင့် မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဟန်က ပွင့်ဖြူမြို့နယ်၏ အသင်းသားများဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းတို့အား ရှင်းလင်းပြောကြား သည်။ဆက်လက်ပြီးမြို့နယ်သမ၀ါယမအသင်းစု ဥက္ကဌ ဦးတင်အုံးက ကျေးရွာအုပ်စု ၅၂ အုပ်စု ၊ကျေးရွာပေါင်း ၂၀၅ ရွာရှိ၊ကျေးရွာ တစ်ရွာလျှင် သမ၀ါယမအသင်းတစ်သင်း ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာ သမ၀ါယမအသင်း (၂၀၂) သင်းဖွဲ့စည်းဆောင်ရွက်ထားရှိနိုင်ရာ ရာခိုင်နှိုင်း (၁၀၀) အောင်မြင်ပါကြောင်း ၊အသင်း ၁၀၃ သင်းအား ချေးငွေများပေးချေနိုင်ပြီး ကျန်ရှိအသင်း (၉၄)သင်းအား ဆက်လက်ပေးချေ နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ အခြေခံအသင်းသားများက လည်းချေးငွေကို အချိန်မှန်ကန်တိကျစွာ ပြန်လည်ပေးဆပ် စေလိုပါကြောင်း
တရုတ်ချေးငွေ ဒေါ်လာသန်း(၃၀၀)အား မကြာမီတွင် စနစ်တကျဖြင့် အသင်းသားများလက်ဝယ်သို့ ပေးချေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(မေသန္တာအောင်)
Friday, October 10, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment