ပွင့်ဖြူ အောင်တိုဘာ ၇ ရက်
မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အရန်မီးသတ် မွမ်းမံသင်တန်း ဖွင့်ပွဲကို ပွင့်ဖြူမြို့ဗိုလ်ဥတ္တမ အစည်းအဝေး ခန်းမတွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး သက်လွင်က အမှာစကားပြောကြားရာ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးရှိန်းမင်းထက်က သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များ ဖြစ်သော အခြေခံစစ်ရေးပြနည်း ၊မီးငြိမ်းသတ်နည်း ၊ အရန်မီးသတ်၏ ရည်ရွယ်ချက်များအား စာတွေ့၊လက်တွေ့၊ ပို့ချသွားမည်ဖြစ်ကြောင်း နှင့် မြို့ပေါ်ရပ်ကွက် ကျေးရွာများမှ အရန်မီးသတ်(၇၀) ဦးအား တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့မိမြို့ဖနှင့် ဌာနဆိုင်ရာများ ၊အရန်မီး သတ်သင်တန်းသားများစုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းသားများ နေ့စဉ် သင်တန်းချိန်ကို ညနေ(၃)နာရီမှ (၅)နာရီထိ လုပ်ငန်းခွင် မပျက်စေပဲ စေတနာ ၀န်ထမ်း အရန်မီးသတ်များ အား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(မေသန္တာအောင်)
Friday, October 10, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment