Friday, October 10, 2014

ပခုက္ကူ   အောက်တိုဘာ   ၁၀
    ၈.၁၀.၂၀၁၄ ရက်နေ့ ည ၉ နာရီအချိန်တွင် ပခုက္ကူမြို့နယ် အမှတ်(၄)ရပ်ကွက် ထင်းတန်းလမ်း ဟေမာန်နှင်းမိုတယ်အနီးတွင် ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ(၁)ဦးသေဆုံးပြီး(၃)ဦး ဒဏ်ရာ ရရှိခဲ့သည်။
    ဖြစ်စဉ်မှာ ပခုက္ကူမြို့ အမှတ်(၃)ရပ်(၂)လမ်းနေ ကီးဘူမနား(၁၇)နှစ်သည် နောက်မှ လိန်းကီး(၁၆) နှစ် လိုက်ပါလျက် မြို့တွင်းသို့မောင်းနှင်လာသည့် ဆိုင်ကယ်(နံပါတ်မပါ-ရီအင်ဘို 125)သည် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်နေ မဇင်မာဝေ(၃၇)နှစ်သည်နောက်မှသားဖြစ်သူ ထက်ဝေယံ(၁၃)နှစ်တင်ပြီး မျက်နှာ ချင်းဆိုင်မောင်းနှင်လာသည့် ဖီကွန် ၁၁၀ ဆိုင်ကယ် ၃၂ယ-------ကိုဝင်တိုက်မိပြီး ဆိုင်ကယ်လဲကျကာ ဒဏ်ရာဖြင့် မဇင်မာဝေသေဆုံးခဲ့သည်။
    မောင်ထက်ဝေယံ ဒဏ်ရာများ(စိုးရိမ်ရ) ကီးဘူမနား နှင့်လိန်းကီး တို့တွင် ဒဏ်ရာများ (မစိုးရိမ်ရ)အသီးသီးရရှိခဲ့သည်။ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကီးဘူမနားအား ပခုက္ကူမြို့နယ်  မြို့မရဲစခန်းမှပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အေ၇းယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video