Friday, October 10, 2014

နေပြည်တော်-အောက်တိုဘာ(၉)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် စင်ကာပူသမ္မတ နိုင်ငံဥပဒေရေးရာဝန်ကြီးဌာနတို့၏ စင်ကာပူ-မြန်မာ ဥပဒေရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေး ဆိုင်ရာ ဦးတည်ချက်များ အောင်မြင်စေရန် ကြိုးပမ်းအားထုတ်ရာတွင် ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားတိုင်းပြည်မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိကြောင်း၊ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တရားစီရင်ရေးရာနှင့် ဥပဒေရေးရာအဖွဲ့ အစည်းများတွင်လည်း ထိရောက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လက်အောက်တရားရုံးများ၏ တရားစီရင်ရေးရာကိစ္စများ သာမက တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ၏ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် တာဝန်ယူဆောင်ရွက်နေကြောင်း၊ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းသည်လည်း ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးရာကိစ္စရပ်များတွက် ဥပဒေကြမ်းတင်သွင်းခွင့် ရှိကြောင်း၊ လက်ရှိတွင်တည်ဆဲဥပဒေများအနက် တရားစီရင်ရေးရာဥပဒေ(၅၂)မျိုးကို စိစစ်ရန်တာဝန်ယူ ထားကြောင်း၊ "အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ" ကဲ့သို့ ဥပဒေသစ်များကိုလည်း မူကြမ်းရေးဆွဲ၍ လွှတ်တော်သို့ တင်ပြထားကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ယခုနားလည်မှုစာချွန်လွှာပါ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် များ၊ ပူးပေါင်းဆောင်ရွက်မှု အမျိုးအစားများသည် အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်နှင့် စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန ဝါရင့်ဒုတိယဝန်ကြီး Ms. Indranee Rajah တို့က စင်ကာပူ-မြန်မာဥပဒေရေးရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ကြသည်။

ဆက်လက်၍ စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန ဝါရင့်ဒုတိယဝန်ကြီး Ms. Indranee Rajah က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် Halbury's Laws of Singapore ဥပဒေစာအုပ်များကို ပေးအပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်က လက်ခံသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ စင်ကာပူသမ္မတနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာန ဝါရင့်ဒုတိယဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
source>>www.moi.gov.mm

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video