Friday, October 10, 2014

နတ်မောက်       အောက်တိုဘာ     ၁၀
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အောက်တိုဘာ ၁၀ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး သမဝါယမအသင်းများ “ဝါး”အခြေခံလက်မှုအထည်သင်တန်းဖွင့်ပွဲကို မြို့နယ်သမဝါယမခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင် မှ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ပညာရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဆယ်တင်မှ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ကျေးလက်ဒေသ လုပ်ငန်းစဉ် (၈)ရပ် နှင့် သမဝါယမဝန်ကြီး ဌာနနှင့်သမဝါယမဦးစီးဌာနမှလည်း လိုအပ်သော အရင်းအနှီးများရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် မိမိတို့ထုတ်ကုန်ရောင်းတန်းဝင် ပစ္စည်းများဈေးကွက်ရရှိအောင် ကူညီဆောင်ရွက်ပေးရန် နှင့် ယွန်းပညာကောလိပ်(ပုဂံ)မှ နည်းပြဆရာမ ဒေါ်သန်းသန်းဌေးတို့က သင်တန်းမှ အတွေ့အကြုံများကို ရှင်းခဲ့ကြောင်းသိရသည်။ထို့နောက်သင်တန်းကာလမှာ အောက်တိုဘာ ၁၀ ရက်မှ ၂၄ ရက်အထိ ဖြစ်ပြီး သင်တန်းဆရာ ၂ ဦးနှင့် သင်တန်းသား ၃၀ ဦးတို့ သင်တန်းတက်ရောက်ကြောင်း သိ၇သည်။
လှဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video