Friday, October 10, 2014

ပခုက္ကူ အောက်တိုဘာ ၁၀ ၉.၁၀.၂၀၁၄ ရက်နေ့ ၈း၃၀ နာရီခန့်က ပခုက္ကူမြို့နယ် လေယာဉ်ကွင်းအနီး ပခုက္ကူ-ရေစကြို ကားလမ်းဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ပခုက္ကူမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ကျ ဒုရဲအုပ်သည်သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ပခုက္ကူမြို့နယ်ပေါင်လောင်ကန်ကျေးရွာ မှ တောင်သူ ဦးလှတင်(၄၁)နှစ်ဖြစ်ပြီး ယာဉ် တစ်မျိုးမျိုးနှင့် ထိခိုက်ဒဏ်ရာရသေဆုံးသည်ဟု ယူဆရသဖြင့် စုံစမ်းလျက်ရှိပြီး ပြစ်မှုပုဒ်မ ၃၀၄-က အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။ ညပိုင်းသွားလာသူများအနေနဲ့ တာဝန်မဲ့ယာဉ်မောင်းများကြောင့် မသေသင့်ဘဲသေနိုင်တဲ့အတွက် အထူးသတိပြုဆင်ခြင်သင့်ကြောင်း တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။ သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video