Saturday, October 11, 2014





 မကွေး အောက်တိုဘာ ၁၁ မကွေးတိုင်းဒေသကြီး (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉း၀၀)နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက မကွေး တိုင်းဒေသကြီး (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအား အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ဆက်လက်ပြီး တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ရာ မကွေးပညာရေးကောလိပ်မှ ကျောင်းသား/သူများက ရှေ့သို့လှမ်းချီ မြေလတ်ဌာနေ၊ မကွေး အထက-၁မှ ကျောင်းသား/သူလေးများက ပန်ထွာအဉ္စလီ ပျုအက၊ ငဖဲမြို့နယ်မှ အရှိုချင်းတိုင်းရင်းသားများက ၀ါးညှပ်အက၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/သူများက ပန်းကောက်တေးသရုပ်ဖော်အက၊မကွေးမြို့ကျောင်းပေါင်းစုံမှ ကျောင်းသား/သူလေးများက


 ရွှေနိုင်ငံကကြိုနေမယ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသား/သူများက တောဓလေ့အနုအညာတင်ဆက်မှုအက၊ မကွေးတက္ကသိုလ်ကျောင်းသား/သူများက ရခိုင်ရိုးရာအက၊ ဆေးတက္ကသိုလ်မှ ကျောင်းသား/သူများက ရှမ်းရိုးရာ ဓါးသိုင်းအကနှင့် ကိနééရီ၊ ကိနééရာအက၊ မကွေးပညာရေး ကောလိပ်က ကျောင်းသား/သူလေးများက သွေးချင်းတို့ဌာနမြန်မာပြည်အကများဖြင့် တင်ဆက်ကြပါသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော် ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများက လက်ခံရယူပါသည်။ ပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန၊ ၀န်ကြီးက အခြေခံကျောင်းများမှ ရိုးရာယဉ်ကျေးမှုအဆိုအကတင်ဆက်သူများနှင့် ငဖဲမြို့နယ် အရှိုချင်းတိုင်းရင်းသားရိုးရာအဆို၊ အကတင်ဆက်သူအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ကျောင်းအုပ်ကြီးများနှင့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူပါသည်။ ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသား/သူများနှင့် စိတ်ပါဝင်စားသည့်ဝါသနာရှင်များ တက်ရောက်ကြသည်။ မကွေးတိုင်းဒေသကြီး(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခရိုင်(၅)ခရိုင်မှ ပြိုင်ပွဲများဖြင့် ၁၁.၁၀.၂၀၁၄ရက်နေ့မှ ၁၄.၁၀.၂၀၁၄ရက်နေ့ထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video