မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဂျုတ်ကုန်းကျေးရွာအတွင်းရှိ ကျောင်းသား/သူများ ကျေးလက်နေပြည်သူများ လျှပ်စစ်မီးအလင်းရောင်ရရှိရေး အင်ဂျင်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း ပွဲကို အောက်တိုဘာ ၁၃ရက် ည(၈း၀၀)နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သိန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းကျော်တို့ကအမှာစကား အသီးသီးပြောကြားခဲ့သည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သိန်းက အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူရေး မတည်ငွေ (၂)သိန်းကျပ်၊ အခြားအလှူရှင်များက ငွေကျပ် (၇)သိန်း၊ စုစုပေါင်းငွေကျပ်(၉) သိန်း အကုန်အကျခံ ၀ယ်ယူလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အုပ်စုအုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် တာဝန်ရှိသူများက ဂျုတ်ကုန်းကျေးရွာနေပြည်သူများ လျှပ်စစ်မီးအလင်းရောင်ရရှိရေး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ယခင်က ဖယောင်းတိုင်မီးကိုသာ သုံးစွဲခဲ့ကြရာမှ ယခုလို တာဝန်ရှိသူများ အလှူရှင်မိသားစုများအင်ဂျင် အသုံးပြု၍ လျှပ်စစ်မီးအလင်းရောင် ရရှိရေးလှူဒါန်းပေးကြသဖြင့် အထူးပင်ဝမ်းသာပီတိဖြစ်ရပါကြောင်း ဒေသခံ ကျေးလက်နေပြည်သူများ အလိုချင်ဆုံး အမျှော်လင့်ဆုံး အိပ်မက်ကြီး ဖြစ်တဲ့ လျှပ်စစ်မီးအလင်းရောင်များ ထိန်ထိန်လင်းခဲ့ပြီဖြစ်၍ ကျေးလက်နေပြည်သူများ ၀မ်းသာပီတိဖြစ်ရပါကြောင်း ဂျုတ်ကုန်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
(မမလေး)

0 comments:
Post a Comment