Tuesday, October 14, 2014

တောင်တွင်းကြီး   အောက်တိုဘာ    ၁၄
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ၀ါးခြံကာကျေးရွာ အုပ်စုအတွင်းရှိ မိုးကောင်းကင်သောက်ကောက်စောစပါးခင်းများဖြစ်သော မနောသုခ၊ ပွင့်ဖြုသုခ၊ ရတနာတိုး စပါးခင်းများမှာ ရင့်မှည့်ပြီဖြစ်၍ အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ မိုးစပါးများတလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းခြွေလှေ့ ခဲ့ကြပြီး ဈေးကွက်ရှိရာ ဒေသများသို့ တင်ပို့ေ၇ာင်းချလျက်ရှိကြောင်းသိရသည်။
ယခုနှစ်မိုးရွာသွန်းမှုနည်းပါးခဲ့သော်လည်း ကောက်စောစပါးများစိုက်ပျိုးခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းကာ မနောသုခ၊ ပွင့်ဖြုသုခ၊ ရတနာတိုးစပါးမျိုးများမှာ တစ်ဧက(၈၀)တင်းမှ(၉၀)တင်းအထိ ထွက်ရှိကြောင်း စပါးသစ် တစ်တင်းလျှင် ငွေကျပ်သုံးထောင်ကျပ်ရောင်းချရကြောင်း ဒေသခံတောင်သူတစ်ဦးကပြောကြားသည်။
မိုးစပါးရိတ်သိမ်းပြီး လယ်ကွက်လွတ်များတွင် ဆောင်းသီးနှံ မတ်ပဲ၊ ကုလားပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူများ ထွန်ထယ်ရေးပြင်ဆင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးထွန်းမြင့်ကပြောကြားသည်။
နိုင်ဝင်း

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video