၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီမှ ၁၂
နာရီခန့်ထိ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းပါ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ ဇရပ်ကြီးကျေးရွာ၊
မင်းဘူး-စကုကားလမ်း၊ ကြားစစ်စလီချောင်းတံတားတွင် ချောင်းရေ များ ကားလမ်းမပေါ်သို့ ရေကျော်နေသဖြင့်
ခရီးသွားပြည်သူများ ဖြန်သန်းသွားလာနိုင်ရေး အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ်
ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နံနက် ၁၀ နာရီမှ ၁၂ နာရီခန့်ထိ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှူး
ရဲအုပ် ကျော်ကျော်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကျွဲတဲကျေးရွာ၊ နွားကူးချောင်းတံတားအနီး
မင်းဘူး-စကု ကားလမ်းမပေါ်သို့ ရေများကျော်နေသဖြင့် ခရီးသွားပြည်သူများ ဖြန်သန်းသွားလာနိုင်ရေးအတွက်
ပြည်သူ့အကျိုးပြုလုပ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Sunday, September 1, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment