Thursday, September 5, 2019


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄  ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီခွဲခန့်အထိ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်း ဦးဆောင်သော ပခုက္ကူခရိုင်ရုံး၊ ပခုက္ကူလုံခြုံရေးတပ်ခွဲ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲများမှ တပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့် စုစုပေါင်း အင်အား(၁၀၃)ဦးတို့သည် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ပြီး ပခုက္ကူပြည်သူ့ဆေးရုံအုပ် ဒေါက်တာ တင်ထွန်းဇော်၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာ စိုးမြတ်နွယ်တို့က လက်ခံဆောင်ရွက်ပေးခဲ့ကာ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား အာဟာရ ဒါနအဖြစ် SHARK အချိုရည်၊ ရေသန့်ဗူး၊ ကြက်ဥ၊ ငှက်ပျောသီး တို့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
နံနက် ၈ နာရီမှ ၉ နာရီခွဲအချိန်ခန့်အထိ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးလွင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပခန်းကြီးစည်သူရှင်ဘုရား ရင်ပြင်တော်နှင့် ဘေးပတ်ဝန်းကျင်တို့တွင် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video