Sunday, September 1, 2019

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်၊ မြစ်ခြေ နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်သူရ ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ညောင်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်ယဉ်ယဉ်ဌေးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်း စည်းကမ်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲခန့်ထိ မြိုင်မြို့နယ်၊ ကိုင်းတောမနယ်မြေရဲစခန်းမှူး ဒုရဲအုပ် သိန်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကျေးလက်ကျန်းမာရေးမှူး ဦးအောင်မြင့်၊ ကိုင်းတောမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပိုက်သင်တို့နှင့်အတူ ညောင်ကုန်းကျေးရွာ ကျေးရွာလူထုကျန်းမာရေးဖွံ့ဖြိုးမှု စုရပ်ခန်းမတွင် ကျေးရွာသူ/ကျေးရွာသာများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်း စည်းကမ်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နေ့လည် ၁ နာရီမှ ၂ နာရီခွဲခန့်ထိ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးလွင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပခန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video