Friday, August 23, 2019

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်း အကူဌာနစိတ်မှ ရဲအုပ် အောင်ဇော်မင်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့ပေါ် ရပ်ကွက်များအတွင်း နယ်မြေသတင်းစုံစမ်းနေစဉ် မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာတွင် လူငယ်တစ်ဦးသည် ဖုန်းတစ်လုံးအား ကာလတန်ဖိုးထက် လျော့နည်းရောင်းချနေသည်ကို တွေ့ရှိရ သဖြင့် စစ်ဆေးမေးမြန်းရာ မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာနေ ဇေယျ(ခ)အပု၊ ၁၇ နှစ် ဖြစ်ပြီး MI အမျိုးအစား ရွှေရောင်ဖုန်းတစ်လုံးနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိဘဲ နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိရ၍ ဇေယျ(ခ)အပုအား မကွေးမြို့မရဲစခန်း(ပ)၁၄၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video