၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခန့်ထိ
စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးဇော်၊ စလင်းမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ
ရဲတပ်ကြပ်ကြီး ဇင်းမင်းထိုက်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆင်ဖြူကျွန်းနယ်မြေ၊
ရေကြည်ကျေးရွာအုပ်စု၊ အရှေ့ဇီးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး
ဦးဥာဏ်ဝင်း၊ ဆရာ/ဆရာမမျာ၊ ကျောင်းသား/ကျောင်းသူများ၊ ရေဖြူကျေးရွာအုပ်ချုပ်ရေးမှူး
ဦးမြင့်ငြိမ်းနှင့် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု
လျော့နည်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ ကြောင်း
သတင်းရရှိပါသည်။
ညနေ ၄ နာရီမှ ၅ နာရီခွဲခန့်ထိ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှူး
ရဲအုပ် သိန်းဟန်မိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် စကုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဘုံသာဘုရား၊
ဓမ္မာရုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့်
ရပ်ကွက်သူ/ကျေးရွာသားများ၊ အောင်သုခပညာဒါနဘော်ဒါမှ ဆရာ ဦးပြည့်ဖြိုးအောင်နှင့်
ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment