Wednesday, July 10, 2019


မကွေး၊ ဇူလိုင်လ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲခန့်ထိ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်ချိုချိုမာ နှင့်အတူ ချောက်မြို့နယ်၊ (ကြောင်လျာတော) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျောင်းအုပ်ဆရာကြီး ဦးသိုက်ရွှေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များအား မှုခင်းများလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video