၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်တွင် မသင်္ကာသူ လူငယ်(၁)ဦးအား
၅၉ယ/ ၉၄၂၂၃ KENBO 110 အစိမ်းရောင်ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိရ၍ စစ်ဆေးမေးရာ ပခုက္ကူ
မြို့နယ်၊ ပေါင်လောင်းကန်ကျေးရွာနေ ၀ဏ္ဏစန်း၊ ၄၂ နှစ် ဖြစ်ကြောင်းသိရှိရပြီး ဆိုင်ကယ်နှင့်
ပတ်သတ်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့်
ဝဏ္ဏစန်း အား ပခုက္ကူမြို့မရဲစခန်း (ပ)၂၉၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Thursday, July 11, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment