၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင်
ဂန်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲကင်း စခန်းမှူး ဒုရဲအုပ် ကျော်မင်းထွဋ် နှင့်အဖွဲ့သည်
သက်သေများနှင့်အတူ မြင်သားကျေးရွာအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ဂန့်ဂေါမြို့နယ်၊
မြင်သားကျေးရွာနေ လင်းထင်၊ ၄၀နှစ်သည် ရွာလယ်လမ်းတွင် ဓားဦးချွန်(၁)ချောင်း ကိုင်ဆောင်ပြီး
ရမ်းကားနေသည်ကို သိရှိရ၍ သွားရောက်စစ်ဆေးရာ ၎င်း၏ခါးကြားတွင် အရိုး (၇)လက်မ၊ အသွား(၁၇)လက်မခန့်ရှိ
ဓါးဦးချွန် အား တွေ့ရှိခဲ့ရသဖြင့် လင်းထင်အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း(ပ)၂၅/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)အရ အရေးယူဆောင်ရွက်
ခဲ့ကြောင်း သတင်းရရှိပါသည်။
Tuesday, July 23, 2019
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment